Trial.description
Connect App သည် ကိုယ်ကာယ ယောဂကျင့်စဉ် လှုပ်ရှားမှုများကိုပြသထားသည့် Video များ စုစည်းထားသော နေရာဖြစ်ပါသည်။ Connect တွင် ပြသထားသည့် ယောဂကျင့်စဉ်များ (အထောက်အကူပြုသည့် ပစ္စည်းများ မပါသည်ဖြစ်စေ၊ အထောက်အကူပစ္စည်းများအစရှိသည့် ယောဂ Block များ၊ ကြိုးများ၊ ထိုင်ခုံများ နှင့် ယောဂနည်းပြမှ အကြံပြုသည့် အခြားအထောက်အကူပြုပစ္စည်းများ) မှာ အားစိုက်ထုတ်သည့် လေ့ကျင့်ခန်းများဖြစ်ပါသည်။ ထို့ကြောင့် ယခုလို ခန္ဓာကိုယ်လှုပ်ရှားအားမပြုလုပ်မီ ကျန်းမာရေးလိုင်စင်ရ အသိအမှတ်ပြုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးရန် တိုက်တွန်းအကြံပြုပါသည်။
Connect သည် ကျန်းမာရေးအဖွဲ့အစည်း မဟုတ်သလို Connect မှ နည်းပြ ဆရာ/ဆရာမ များသည်လည်း သင့်အား ကျန်းမာရေးဆွေးနွေးချက် ကုထုံးများနှင့် ရောဂါနှင့်ဆိုင်ရာ ဖြေရှင်းချက်များအား ဖြေပေးနိုင်မည်မဟုတ်ပါ။
Connect မှ Video များတွင် ပြသအကြံပြုထားသည့် အထောက်အကူပြု အသုံးပြုပုံများ၊ လှုပ်ရှားမှုများ၊ ယောဂ Position များနှင့် ညွှန်ကြားချက်များမှာ သင့်အနေဖြင့် မဖြစ်မနေလုပ်ရမည်မဟုတ်ဘဲ သင်၏ကိုယ်တိုင်ရွေးချယ်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြစ်ပါသည်။
Connect အတွင်းတွင် ပါဝင်သည့် အားလုံးမှာ ကျန်းမာရေး အကြံပြုချက်များနှင့် လုံးဝမသက်ဆိုင်ပါ။
ယခုလို အထက်ဖော်ပြပါများကို လက်ခံပြီး Connect အား ဆက်လက်အသုံးပြုပါက သင်သည် Connect အတွင်းမှပြသထားသည့် လှုပ်ရှားမှုများကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် သင့်ခန္ဓာကိုယ် ကျန်းမာရေးဆိုင်ရာ အကျိုးဆက်များ သို့မဟုတ် နစ်နာမှုများအား ကျန်းမာရေးလိုင်စင်ရ အသိအမှတ်ပြု ဆရာဝန်များ နှင့် ဆွေးနွေးပြီးဖြစ်ကြောင်း နားလည်သိရှိကြောင်း ဝန်ခံချက်အား သဘောတူပြီးဖြစ်ရပါသည်။
Connect Application အနေဖြင့် သင့်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား Privacy ရှိစေရန် Connect ၏ Privacy Policy များဖြင့် ပြင်ဆင်ထားပါသည်။
ယခု Policy သည် Connect နှင့် ပတ်သက်သော ဝက်ဘ်ဆိုက်, မိုဘိုင်းလ်အပလီကေးရှင်းရှိ ဝန်ဆောင်မှုများ၊ Connect Application တည်ရှိရာ Social Networking Site/ Application, Mobile/ Tablet များနှင့် အခြားခေတ်မီ Social Media Application & Website များနှင့် သက်ဆိုင်ပါသည်။ သို့သော် Application သည် Connect Application တည်ရှိရာ Social networking Site/ Application, Mobile/ Tablet တို့ ၎င်းမူပိုင် Company များဖြင့် လုပ်ငန်းတူ လုံးဝ သက်ဆိုင်မှုမရှိပါ။
အထက်ပါဖော်ပြခဲ့သော Connect မှ ကောက်ယူသော သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များအပြင် Connect ၌ လုပ်ရန် သင့်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ (နာမည်၊ ကျား/မ၊ အရပ်အမြင့်၊ weight) တို့ကို တောင်းဆိုပါသည်။ ယခုတောင်းဆိုလိုက်သော သတင်းအချက်အလက်များအား Connect ၏ လုံခြုံစိတ်ချရသော Server များ၌ data များအား encrypt fed form အလွယ်တကူ ဖောက်ယူရန် မလွယ်သောာ ဖိုင်ပုံစံများဖြင့် စနစ်တကျ သိမ်းထည့်ထားပါသည်။
သင့်၏ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များအား ပြင်ပသို့မပေါက်ကြားစေရန် Connect မှ encrypt data များအနေဖြင့် စနစ်တကျစိတ်ချရသော server များတွင် သိမ်းဆည်းထားပါသည်။ သို့သော် အောက်ဖော်ပြပါ အခြေအနေများဖြစ်ပေါ်လာပါက (၁) မြန်မာနိုင်ငံ တည်ဆဲတရားဥပဒေအရ Connect အားတောင်းဆိုခြင်း (၂) connect မှ အခြားအဖွဲ့အစည်းသို့ ရောင်းချ/ ပူးပေါင်း/ အခြားနည်းလမ်းဖြင့် ပေါင်းစည်းခြင်း (သို့) connect မှ ဒေဝါလီခံခြင်း/ ဖျက်သိမ်းခြင်း (၃) connect မှ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သူတစ်ပါးအား မျှဝေရန်ခွင့်ပြုချက်ရရှိပါက စသည့် အထက်ဖော်ပြပါ အချက်(၃)ချက် နှင့် သက်ဆိုင်ပါက သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သူတစ်ပါးသို့ မျှဝေမည်ဖြစ်ပါသည်။
အထက်ဖော်ပြပါ Policy များသည် အချိန်အခါအားလျော်စွာ ပြောင်းလဲပြုလုပ်တတ်ပါမည် ဖြစ်ပါသဖြင့် ယခုစာမျက်နှာသို့ မကြာမကြာ လေ့လာကြည့်ရှုပါရန် အကြံပြုပါသည်။ အသစ်ပြောင်းလဲပြုလုပ်လိုပါက (1) Application ၏ Notification တွင်သော်လည်းကောင်း (2) Website, Social Media, Email, Phone, Marketing media များဖြင့်လည်းကောင်း အသိပေးသွားမည်ဖြစ်ပါသည်။